Showing posts with label သိထားသင့်တဲ့ နည်းလေးများ. Show all posts
Showing posts with label သိထားသင့်တဲ့ နည်းလေးများ. Show all posts

Sunday, 24 February 2013

ကျောက်ချဉ်

 


ကျောက်ချဉ်

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ကျန်မာရေး ကိစ္စမှာ ၀န်ပိုတွေ ရှိကြပါတယ်။ အခု ကျမတင်ပြမယ့် အမျိုးသမီး ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကြောင်းမှာ ကျောက်ချဉ်နဲ့ပတ်သက်ပြီး အစွမ်းထက်မြက်မှု တချို့ပါ။

ကျောက်ချဉ်လို့ ပြောလိုက်ရင် မြန်မာစာဖတ်ပရိသတ်တိုင်း သိနားလည်ပြီးဖြစ်နေပါလိမ့်မယ်။ လူတိုင်း၊ ပစ္စည်းတိုင်းမှာ သူ့ တန်ဘိုး ကိုယ်စီ အသီးသီး ရှိတတ်ကြစမြဲဖြစ်တာမို့ ကျောက်ချဉ်ကလည်း သူ့အစွမ်းက သီးခြားရှိပါတယ်။

ကျောက်ချဉ်ကို Alum လို့ ခေါ်ပြီး အလူမီနီယမ် ဆာလဖိတ်၊ ပိုတက်ဆီယမ် ဆာလဖိတ်တို့ပါဝင်တဲ့ ဓာတု တွင်းထွက် တမျိုး ဖြစ်ပါတယ်။

ကျောက်ချဉ်ဟာ အမျိုးသမီးတွေအတွက် အသုံးအတည့်ဆုံးတခုလို့ ပြောရင် မမှားပါဘူး။ မိန်းမပျိုက အစ၊ ကိုယ်ဝန်မရနိုင်လို့ ကလေးလိုချင်နေတဲ့ အိမ်ထောင်သည် အလယ်၊ သွေးဆုံးနေတဲ့ အမျိုးသမီးတွေ အဆုံး ကျောက်ချဉ်က အလွန်အသုံးဝင်ပါတယ်။

အမျိုးသမီးကျန်းမာရေးမှာ အမျိုးသမီးတိုင်း မိန်းမကိုယ်သန့်ရှင်းရေးဟာ အလွန်အရေးကြီးပါတယ်။ အမျိုးသမီးတွေ ကိုယ်နံ့ ထွက်တာ၊ စိတ်လက် မလန်းဆန်းပဲ သွက်လက်မှု မရှိဖြစ်နေတာတွေဟာ၊ ယားယံတတ်တာတွေဟာ မိန်းမကိုယ် သန့်ရှင်းရေးကိစ္စနဲ့ တိုက်ရိုက်ပတ်သက်ပြီး အဆိုပါကိစ္စ မှာ ကျောက်ချဉ်က အလွန်အသုံးတည့်ပါတယ်။

ဒီအပြင် ခုခေတ်မှာ နာမည်ကြီးနေပြီး ကာကွယ်ဆေးတွေ ငွေကုန်ခံ ထိုးနေရတဲ့ သားအိမ်ခေါင်း ကင်ဆာ လိုမျိုး မဖြစ်ပွားအောင် ဟန့်တား ကာကွယ်နိုင်မှုမှာ ကျောက်ချဉ်ဟာလည်း အကျိုးအလွန်ရှိပါတယ်။

ကိုယ်ဝန်ကို ကျန်းမာစွာ လွယ်လိုသူ အိမ်ထောင်ရှင်အမျိုးသမီးတွေအတွက်လည်း ကျောက်ချဉ်က အစွမ်း ထက်ပါတယ်။ ကလေးမရလို့ စိတ်ညစ်နေရသူများအတွက်လည်း အလွန် အသုံးတည့်ပါတယ်။

ဒီအပြင် ရာသီလာချိန် ခေါင်းကိုက်တာ၊ ကိုယ်လက် အဆစ်အမြစ်ကိုက်ခဲတာ၊ သွေးလန့်တတ်တာ၊ ရာသီ မမှန်ပဲ လာရန် ခက်ခဲတာတွေအတွက်လည်း ကျောက်ချဉ်က အသုံးဝင်ပါတယ်။

ပြီးတော့ သွေသား သန့်ရှင်းပြီး အသားအရေ စိုပြေမှုတွေကိုလည်း ကျောက်ချဉ်က စွမ်းဆောင်စေပါတယ်။

ချွေးပေါက်ကျယ်တာအစ ဒွါရပေါက်တွေလည်း ကျယ်တာကိုလည်း ကျဉ်းစေတဲ့ သတ္တိရှိပါတယ်။

ကျောက်ချဉ်ကို အသုံးပြုပုံကတော့ အင်တုံတခု သို့မဟုတ် ပလပ်စတစ် ဇလုံကြီး တခုထဲမှာ ကျောက်ချဉ် ကို သင့်တင့်တဲ့ ပမာဏ ထည့်ပြီး ပျော်ဝင်သည်ထိ စောင့်ပါ။ ပြီးရင် အမျိုးသမီးများအနေနဲ့ မိမိရဲ့ မိန်းမကိုယ်ကို အဆိုပါ ဇလုံတွင်း ကျောက်ချဉ် ရေဖြင့် တနေ့လျှင် ၁၅ မိနစ်လောက် စိမ်ပေးပါ။

လုပ်နည်းလုပ်ဟန်က အင်မတန် ရိုးစင်းပြီးလွယ်ပေမယ့် နေ့စဉ်ပုံမှန် လုပ်ဆောင်ပေးခြင်းဆိုတဲ့အရာကို အမျိုးတော်တော် များများမှာ အခက်အခဲတွေ့တတ်ကြပါတယ်။ ဒါကိုတော့ သတိပြုစေချင်ပါတယ်။

နေ့စဉ် ၁၅ မိနစ်တာ ကိုယ့်ကျန်းမာရေးအတွက် အချိန်ပေးပြီး ကျောက်ချဉ်ရေ စိမ်ပေးခြင်းကြောင့် ရရှိ လာမယ့် ရလာဒ်က ကြီးမားလှပါတယ်။

ပျိုမေတို့မှသည် သက်ကြီးရွယ်အို အမျိုးသမီးကြီးတွေအထိ အသုံးတည့်ပြီး အကျိုးရှိတဲ့ နည်းလမ်း တခု လည်းဖြစ်ပါတယ်။ ငွေကုန်ကျေးကျလည်း အလွန်နည်းပြီး ခက်ခဲမှုလည်း မရှိပါဘူး။


Credit to
The Irrawaddy's Blog

Monday, 11 February 2013

သိထားသင့်တဲ့ နည်းလေးများ



သိထားသင့်တဲ့ နည်းလေးများ

ဒီနေ့တော့ သူငယ်ချင်းတွေအတွက် ကောင်းနိုးရာရာ လေးတွေရွေးလို့ မှတ်သားစရာလေးများ ပြောပြဦးမယ်နော်။တကယ်လဲအသုံးဝင်တဲ့နည်းလေးတွေပါ။

(၁) ခေါင်းကိုက်နေပါသလား၊ သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး နဖူး တလျှောက် ပွတ်တိုက်ပေးပါ။ တဆစ်ဆစ် ကိုက်နေတာတွေသက်သာသွားပါလိမ့်မယ်

(၂) ခြင်ကိုက်လို့ယားနေပါလား၊
ဆပ်ပြာနဲ့ အနည်းငယ် ပွတ်ပေးခြင်းဖြင့် ခဏတဖြုတ်သက်သာပါတယ်။

(၃) သကြားအညိုတွေခဲနေပါက ပန်းသီးတစိပ်လောက်ထည့်လိုက်ပါ ချက်ချင်းအရည်ပျော်သွားပါလိမ့်မယ်။

(၄) တလတခါရာသီလာချိန်မှာ ကိုက်ခဲနာကျင်တတ်သူ အစ်မနဲ့ ညီမလေးတွေအတွက်ပါ၊ဒိန်ချဉ်
ဘူးလေးပဲဖြစ်ဖြစ်၊ ရိုးရိုးဒိန်ချဉ်ကို သကြားလေးနဲ့ဖြစ်ဖြစ် ဖျော်သောက်ပါ။ ကိုက်ခဲတဲ့ နာကျင်မှုဝေဒနာတွေ သက်သာစေပါတယ်။

(၅) ပြောင်းဖူး ပြုတ်တဲ့အခါ ဆားလေးနည်းနည်းထည့်ပြီး ပြုတ်ကြည့်ပါ။ ပြောင်းဖူး ရဲ့ သဘာဝအချိုဓါတ်တွေ ထွက်လာစေပါတယ်။

(၆) ပုရွက်ဆိပ်ကလေးတွေ အိမ်မှာတန်းစီနေပါသလား၊ မြေဖြူ ခဲလေးနဲ့သာတားလိုက်ပါ။

(၇) ထမင်းအိုး ဟင်းအိုးတွေ တူးပီး ဂျိုးတွေ ကပ်နေပါက ပန်သီးနွာထားတဲ့ အခွံတွေထည့်ပြုတ်လိုက်ပါ။

(၈) ကြေးအိုး ကြေးဇွန်တွေ ပြောင်လက်စေချင်ရင် မန်ကျီးရွက်(မန်ကျီးအနှစ်ရည်)နဲ့တိုက်လိုက်ပါ။

(၉) မီးဖိုချောင်သုံးစတီးအိုးခွက်များကို သံလွင်ဆီ (Olive Oil / Baby Oil )သုတ်ပေးချင်းဖြင့် အရောင်တက်ပြီး အပြင်၊အစွန်းအထင်းတွေကိုပါ ဖုံးလွှမ်းပေးနိုင်ပါတယ်။

(၁၀) ရုံပတီသီးကြော်စားလို့ ချွှဲပစ်ပစ်ဖြစ်နေတာမကြိုက်ပါက ဟင်းအိုးချတဲ့အချိန်မှာ သံပုရာသီး တစိပ်ထည်လိုက်ပါ လုံးဝမချွှဲတော့ပါဖူး။

(၁၁) ကြက်သွန်နီနွာလို့ မျက်ရည်မကျချင်ရင် လှီးမယ့်ဓါးကို ဆားအနည်ငယ်သုတ်ပီး လှီးပါ။

(၁၂) အခန်းလုံတွေမှာ ဟင်းချက်ပီး ဟင်းနံ့တွေစွဲနေပါက ဖယောင်းတိုင် တတိုင်ထွန်းလိုက်ပါ အနံ့တွေပျောက်သွားပါလိမ့်မယ်။

(၁၃) ထမင်းစားချိန် ထမင်းစာပွဲမှာ ယင်ကောင်တွေလာနေပါက ဖယောင်းတိုင် တတိုင်ထွန်းလိုက်ပါ။

(၁၄) ရေချိုးခန်းထဲ မှိုတက်ခြင်း၊ ဂျေးတက်ခြင်းတွေကို ကာကွယ်ချင်ရင် baby oil သုတ်ထားလိုက်ပါ အရောင်လွှင်ပြယ်တာကိုကာကွယ်တဲ့ အပြင် ၊မှိုတက်မဖြစ်တော့ပါဖူး။

(၁၅) သတင်းစာကို ရေ နဲ့ ရှာလကာရည် ဆွတ်ပြီး မှန်ကိုတိုက်လိုက်ပါ တခဏအတွင်း ကြည်ကြည်လင်လင်လေးဖြစ်လာပါလိမ့်။

(၁၆) ရေမှာပါတဲ့ ထုံးဓါတ်ကြောင့် အဖြူလေးတွေကို ရှာလကာရည် ကိုအသုံးပြုပြီး ဘေစင်ကိုစင်ကြယ်အောင် တိုက်ချွတ်နိုင်ပါတယ်။

(၁၇) ရေနွေးပူလေးထဲ ဇွန်းနှစ်ပီးမှ ပျားရည်ကို ခတ်ပါက ပျားရည်များ ဇွန်းမှာ ကပ်မနေဖူး။



အေးချမ်းမွန်မှ သဘာဝရဲ့အားအင် တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia