Showing posts with label နေရောင်ခြည်. Show all posts
Showing posts with label နေရောင်ခြည်. Show all posts

Monday, 11 February 2013

နေခြည်နုနု

 
နေခြည်နုနုခံကြည့်ပါ

နေခြည်နုနုခံယူခြင်း၏ ကျန်းမာရေး စွမ်းပကား

နံနက် စောစောမှာ နေခြည်နုနု ခံယူတာကြောင့် အောက်ပါ အကျိုးကျေးဇူး တွေကို ရရှိ စေနိုင်ပါတယ်။

ဗီတာမင်ဒီ ရရှိခြင်း

နံနက်ခင်း နေခြည်နုနုကို ၁၅ မိနစ်ခန့် ခံယူတာကြောင့် သင့်အတွက် တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်ဒီကို အလုံအလောက် ရရှိစေပါတယ်။

ဗောက်ပျောက်စေခြင်း

နေခြည်နုနုကို အနည်းငယ် ခံယူတာကြောင့် သင့်ဦးခေါင်းမှာ ဗောက်ထတဲ့ ဝေဒနာကို သက်သာ စေပါတယ်။ နေရောင်ခြည်မှာ ဗောက်ပျောက် စေတဲ့ အစွမ်း ရှိလို့ပါ။

စွမ်းအင်တိုးစေခြင်း

နေခြည်နုနုကို အချိန် ၁ဝ မိနစ်ခန့် ခံယူတာကြောင့် တစ်နေ့လုံး စွမ်းအင် အဆင့်တိုးပြီး လန်းဆန်း စေပါတယ်။

ကူးစက်ပိုးများကို ကာကွယ်နိုင်ခြင်း

နေခြည်နုနုကို ခံယူတာကြောင့် ဘက်တီးရီးယား၊ မှိုပိုးနဲ့ ဗိုင်းရပ်စ် ပိုးတွေ ကူးစက်ခံရမှု မရှိအောင် ကာကွယ် နိုင်ပါတယ်။ နေခြည်နုနု ခံယူတာရဲ့ ကျန်းမာရေး အကျိုးကျေးဇူးမှာ သွေးဖြူဥ အရေအတွက် တိုးစေပြီး ကိုယ်ခံ စွမ်းအားစနစ်ကို ကောင်းမွန် စေတာကြောင့် ဗိုင်းရပ်စ်နဲ့ ပိုးမွှားတွေကို တွန်းလှန် ပေးနိုင်ပါတယ်။ ဒါ့အပြင် အောက်ဆီဂျင်ကို သယ်ဆောင် ပေးမယ့် သွေးနီဥ အရည်အသွေးကိုလည်း ကောင်းမွန် စေပါတယ်။

အရေပြား ရောဂါဝေဒနာများကို လျော့ကျစေခြင်း

နေခြည်နုနုဟာ အရေပြားရဲ့ ခုခံနိုင်စွမ်းကို တိုးစေတာကြောင့် နှင်းခူ၊ ဆိုရီးယေးစစ်နဲ့ အဖုအပိမ့် ပြဿနာတွေကို လျော့ကျ စေပါတယ်။ အကြောင်းကတော့ နေခြည်နုနု ခံယူတာကြောင့် ပိုင်နီရယ်ဂလင်းကို လှုံ့ဆော်ပေးနိုင်ပြီး ထရိုင်တမင်းဓာတ်ကို ထုတ်လုပ် ပေးနိုင်လို့ပါ။

သွေးတိုးကျပြီး နှလုံးကျန်းမာခြင်း

လေ့လာမှုတွေ အရ နံနက်ခင်း နေခြည်နုနု ဖြာထွက်ချိန်မှာ လေ့ကျင့်ခန်း လုပ်တာက သွေးခုန်နှုန်းနဲ့ သွေးတိုး တာကို လျော့ကျစေကာ နှလုံးကို ကျန်းမာ စေကြောင်း သိရပါတယ်။
 

Credit To Aye Chan Mon
 အေးချမ်းမွန်မှ မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia